ပြည်ထောင်စုဝန်ကြီး
သိန်းဦး

ပြည်ထောင်စုဝန်ကြီး အကြောင်း
ဦးသိန်းဦးသည် မြန်မာနိုင်ငံ၏ တရားမျှတမှုနဲ့ ဥပဒေစည်းမျဉ်းကို မြှင့်တင်ရန်အတွက် သူ၏ အလုပ်အကိုင်အား မြှုပ်နှံထားတဲ့ ရှေ့နေတစ်ဦးဖြစ်ပါသည်။ ဦးသိန်းဦးသည် မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်၌ ၁၉၇၈ ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိခဲ့ပါသည်။ ဦးသိန်းဦးသည် ၁၉၉၀ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ပြည်နှင်ဒဏ်ခံခဲ့ရသော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဦးသိန်းဦးသည် ၁၉၉၆ ခုနှစ်တွင် ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ရေးဆွဲခဲ့သည့် ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ရေးဆွဲခြင်းလုပ်ငန်းတွင် ပါဝင်ကူညီခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ဒုတိယ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲစဉ်အတွင်း “ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC)” ၏ အတွင်းရေးမှုးအဖြစ် ထပ်မံ၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်လည်း ဦးသိန်းဦးသည် မြန်မာပြည်ရှေ့နေကြီးများအသင်းက ထုတ်ဝေခဲ့သော နှစ်စဉ်ဗမာ့ ဥပဒေ “လောကပါလ” ဂျာနယ်၊ ဥပဒေနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အရင်းအမြစ်များအား တည်ထောင်သူ နှင့် အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဦးသိန်းဦး သည် လူ့အခွင့်အရေးဥပဒေ ဖြင့် ဥပဒေမာစတာဘွဲ့အား မာဟီဒို တက္ကသိုလ် တွင် ရရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံ၌လည်း ဥပဒေ ပညာရေးနှင့် အရေအချင်းများ မြှင့်မားတိုးတတ်စေရန်အတွက် ရည်ရွယ်၍ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူသားများနှင့် လူ့ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများအတွက် အဓိကထား၍ ဦးသိန်းဦးသည် များစွာသော ရှေ့နေများနှင့် လူငယ် လူမျိုးစု ပညာသင်များ အားလည်း ထိုင်းနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ခဲ့ပါသည်။
ဆောင်းပါးကိုမျှဝေပါ။