Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the it-l10n-ithemes-security-pro domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/nugfede1/moj.nugmyanmar.org/wp-includes/functions.php on line 6114
ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန – Ministry of Justice

ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန

ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်

(က) ၎င်းဖွဲ့စည်းပုံအောက်ရှိ ဌာနများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊

(ခ) ကြားကာလအတွင်း တရားရုံးများ ပေါ်ပေါက်လာစေရန် တာဝန်ယူ ဆောင်ရွက်ခြင်း နှင့် တရားရုံးအဆင့်ဆင့်ကို စောင့်ကြည့်ထိန်းညှိခြင်း၊

(ဂ) ပြည်ထောင်စု၏ အမြင့်ဆုံးတရားရုံး မပေါ်ပေါက်မီ အချိန်အထိ အဆင့်ဆင့်သော တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းများ မှန်ကန်မြန်ဆန်မှု ရှိစေရန် ကြီးကြပ် ကွပ်ကဲခြင်း၊

(ဃ) တရားရုံး စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကိစ္စများနှင့် စပ်လျဥ်း၍ တရားရုံး အဆင့်ဆင့်သို့ လိုအပ်သည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများ ထုတ်ပြန်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်း၊ 

(င) တရားရုံး အဆင့်ဆင့်ရှိ တရားသူကြီးများအား ရာဇဝတ်အာဏာ အပ်နှင်းခြင်းနှင့် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ကြပ်မတ်ခြင်း၊

ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန
  1. တရားစီရင်ရေး ဖော်ဆောင်မှုဆိုင်ရာဌာန
  2. ပြစ်မှုနှင့် တရားမ တရားစီရင်ရေးဌာန
  3. ဥပဒေလုပ်ထုံးလုပ်နည်းဌာန
  4. ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန

တရားစီရင်ရေး ဖော်ဆောင်မှုဆိုင်ရာဌာန

ကြားကာလ တရားရုံးများ

ကြားကာလအတွင်း တရားရုံးများ ပေါ်ပေါက်လာစေရန် တာဝန်ယူ ဆောင်ရွက်ခြင်း နှင့် တရားရုံးအဆင့်ဆင့်ကို စောင့်ကြည့်ထိန်းညှိခြင်း၊

ဖယ်ဒရယ် တရားရုံးများ ပေါ်ပေါက်ရေး

တရားရုံးများ တည်ထောင်ရာတွင် လိုအပ်သည့် ကိစ္စရပ်များကို ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် အဆင့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

ပြည်တွင်း ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

တရားရုံးများ တည်ထောင်ရာတွင် လိုအပ်သည့် ကိစ္စရပ်များကို ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

ပြစ်မှုနှင့် တရားမ တရားစီရင်ရေးဌာန

တရားရုံးအဆင့်ဆင့် ရုံးပြောင်းခြင်း

လက်အောက် တရားရုံးအဆင့်ဆင့်တွင် ပြစ်မှုဆိုင်ရာအမှုများ ရုံးပြောင်းပေးရန် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

ပြစ်မှုများ အစီရင်ခံစာများ စီစစ်ခြင်း

တရားရုံးအဆင့်ဆင့်တို့၏ ပြစ်မှု၊ တရားမမှုတို့နှင့် စပ်လျဥ်းသည့် အစီရင်ခံစာများ၊ ပြစ်မှုပုံစံများအရ ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်သင့်ပါက ဖွင့်လှစ်ရန်အတွက် အရေးယူဆောင်ရွက်ခြင်း၊

အမှုစစ်ဆေးစီရင် တည့်မတ်ပေးခြင်း

တရားရုံးအဆင့်ဆင့်၏ အမှုစစ်ဆေးစီရင် ဆုံးဖြတ်ချက်များနှင့် စပ်လျဥ်း၍ ပြင်ဆင် တည့်မတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊

စစ်ကောင်စီ၏အကြမ်းဖက်မှုခင်းများကို တိုင်ကြားမည်။

ဥပဒေလုပ်ထုံးလုပ်နည်းဌာန

ဥပဒေလုပ်ထုံးလုပ်နည်ဆိုင်ရာ အကြံဉာဏ်များ

တရားရုံးအဆင့်ဆင့်က ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံ လာသည့်အခါ လိုအပ်သည့် သဘောထားမှတ်ချက် ချမှတ်နိုင်ရန်အတွက် စီစဥ် ဆောင်ရွက်ခြင်း၊

အမိန့်နှင့် ကြော်ငြာစာများ ပြုစုတင်ပြ ဆောင်ရွက်ခြင်း

တရားရုံးအဆင့်ဆင့်သို့ အခါအားလျော်စွာ ထုတ်ပြန်နိုင်ရန် ညွှန်ကြားချက်၊ အမိန့်နှင့် အမိန့်ကြော်ငြာစာများကို ပြုစုတင်ပြ ဆောင်ရွက်ခြင်း

အမှုခွဲဝေခြင်း ကြီးကြပ်လမ်းညွှန်ခြင်း

တရားရုံးအဆင့်ဆင့်၏ အမှုခွဲဝေခြင်း အစီရင်ခံစာများအပေါ် ကြီးကြပ်လမ်းညွှန်ခြင်း

ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန

ရှေ့နေရှေ့ရပ်လိုင်စင်

ရှေ့နေရှေ့ရပ်များနှင့် ပတ်သက်၍ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးနိုင်ရေး အတွက် စီစဥ်ဆောင်ရွက်ခြင်း၊

ရှေ့နေကျင့်ဝတ်သိက္ခာ ထိန်းသိမ်းခြင်း

ရှေ့နေကျင့်ဝတ်သိက္ခာ စောင့်ထိန်းခြင်း ရှိ၊ မရှိ၊ ကိုယ်ကျင့်တရားပျက်ပြားခြင်း ရှိ၊ မရှိ တို့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် အရေးယူရန် ဆောင်ရွက်ခြင်း၊

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ပေါပေါက်ရေး

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ တရားဝင်ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်ခြင်း၊

ရှေ့နေရှေ့ရပ် လိုင်စင် လျှောက်မည်။

မေးမြန်းစုံစမ်းမှုများအတွက် ကျေးဇူးပြုပြီးအီးမေးလ်ပို့ပေးပါ။