တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာန

တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းသည်။

(က) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး မဟာဗျူဟာဌာန

(ခ) ဥပ‌ဒေအထောက်အကူပေးရေးဌာန

(ဂ) ဥပဒေအသိပညာ‌ပေးရေးဌာန

တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာန
  1. အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး မဟာဗျူဟာဌာန
  2. ဥပ‌ဒေအထောက်အကူပေးရေးဌာန
  3. ဥပဒေအသိပညာ‌ပေးရေးဌာန

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး မဟာဗျူဟာဌာန

အကြမ်းဖက် စစ်ကောင်စီ၏
ကျူးလွန်သည့် မှုခင်း

အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံများက ကျူးလွန်သည့် မှုခင်း များကို စနစ်တကျ မှတ်တမ်းတင် ပြုစုခြင်း၊

တော်လှန်ရေးကာလ ထိခိုက်မှု
များအား ပြန်လည်ကုစားခြင်း

တော်လှန်ရေးကာလအတွင်း ထိခိုက်နစ်နာခဲ့သော ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဥပဒေ အရ ပြန်လည် ကုစားနိုင်ရေးအတွက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ခြင်း၊

ဥပဒေအရ အရေးယူခြင်း

ဥပဒေကြောင်းအရ အရေးယူခံရခြင်းမှ ကင်းလွတ်နေသူများကို အရေးယူနိုင်ရေး ဆိုင်ရာ အစီအမံများ ဆောင်ရွက်ခြင်း၊

စစ်ကောင်စီ၏အကြမ်းဖက်မှုခင်းများကို တိုင်ကြားမည်။

ဥပ‌ဒေအထောက်အကူပေးရေးဌာန

တော်လှန်ရေး အင်အားစုများအား ကူညီခြင်း

တော်လှန်ရေးအင်အားစုများက ဥပဒေဆိုင်ရာ အကူအညီများ တောင်းခံလာပါက ဥပဒေ အထောက်အကူပေးခြင်း၊

စစ်ဘက်တရားစီရင်ရေး

စစ်ဘက်တရားစီရင်ရေးနှင့် ပတ်သက်၍ ပေါ်ပေါက်လာသော အမှုအခင်းများအား ကာကွယ်ရေးဝန်ကြီးဌာနက အကူအညီတောင်းခံလာပါက တည်ဆဲဥပဒေများနှင့် အညီ ပူးပေါင်းစစ်ဆေးစီရင်ခြင်း၊

တိုင်းရင်းသားလက်နက်ကိုင် နှင့် ပူးပေါင်းခြင်း

စစ်ဘက်ဆိုင်ရာ မှုခင်းများ ဖြစ်ပွားမှုနှုန်း ကောက်ခံပြုစုခြင်း၊ ဖြစ်စဥ်အသေးစိတ်ကို မေးမြန်းစုံစမ်းထောက်လှမ်းခြင်းတို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

ဥပဒေအသိပညာ‌ပေးရေးဌာန

ဥပဒေအသိပညာပေးရေး

ကြားကာလအတွင်း ပြစ်မှုဖြစ်ပွားနှုန်း လျော့ကျစေရန် ဥပဒေအသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း

ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ ဥပဒေအသိပညာ ပေးရေး လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကို ကျင်းပ ပြုလုပ်ခြင်း၊

ဥပဒေအသိပညာ

ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

ဥပဒေအသိပညာပေးများ လေ့လာမည်။

မေးမြန်းစုံစမ်းမှုများအတွက် ကျေးဇူးပြုပြီးအီးမေးလ်ပို့ပေးပါ။