Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the it-l10n-ithemes-security-pro domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/nugfede1/moj.nugmyanmar.org/wp-includes/functions.php on line 6114
ပြည်ထောင်စုဝန်ကြီးရုံး – Ministry of Justice

ပြည်ထောင်စုဝန်ကြီးရုံး

ပြည်ထောင်စုဝန်ကြီးရုံးကို အောက်ပါဌာနများဖြင့် ဖွဲ့စည်းသည်။

(က) ဦးစီးရုံး

(ခ) စီမံဌာန

(ဂ) ဘတ်ဂျက်၊ ငွေစာရင်းနှင့် ထောက်ပံ့ဌာန

(ဃ) သတင်းအချက်အလက်နှင့် နည်းပညာဌာန

(င) အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန

(စ) တိုင်ကြားစာနှင့် အကြံပြုစာဌာန

(ဆ) လေ့ကျင့် နှင့် သုတေသနဌာန

ပြည်ထောင်စုဝန်ကြီးရုံး

  1. ဦးစီးရုံး
  2. စီမံဌာန
  3. ဘက်ဂျက်၊ ငွေစာရင်းနှင့် ထောက်ပံ့ဌာန
  4. သတင်းအချက်အလက်နှင့်နည်းပညာဌာန
  5. အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန
  6. တိုင်ကြားစာနှင့် အကြံပြုစာဌာန
  7. လေ့ကျင့်နှင့် သုတေသနဌာန

ဦးစီးရုံး

ကြီးကြပ် ဆောင်ရွက်မှု

နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးနှင့် သက်ဆိုင်ရာ လွှတ်တော်များ၏ မေးမြန်းချက်များနှင့်စပ်လျဥ်း၍ ဖြေကြားချက်များပေးပို့ရာတွင် ကြီးကြပ် ဆောင်ရွက်ခြင်း

နိုင်ငံခြားရေး တွေ့ဆုံမှု

နိုင်ငံခြား သံအမတ်များ၊ သံတမန်များ၊ ဧည့်သည်တော်များနှင့် တွေ့ဆုံသည့်အခါ လိုအပ်သည့် ကိစ္စရပ်များကို စီစဥ်ဆောင်ရွက်ခြင်း

CDM နိုင်ငံ့ဝန်ထမ်း အရေး

CDM နိုင်ငံ့ဝန်ထမ်းများ၏ လူမှုဘဝ အဆင်ပြေချောမွေ့စေရေး ကိစ္စရပ်များနှင့် စပ်လျဥ်း၍ CDM Success Committee နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

စီမံဌာန

ဝန်ထမ်းကိစ္စရပ်များ စီမံမှု

ဝန်ကြီးဌာန၏ အရာထမ်း၊ အမှုထမ်းများအပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ကြီးကြပ်ခြင်း

ဝန်ထမ်းရေးရာ နှင့် စည်းကမ်းထိန်းသိမ်းရေး

ဝန်ထမ်းခန့်ထားရေး၊ တိုးမြှင့်ခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ခွင့်ပေးရေး စသည့် ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများနှင့်အညီ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊

အစီရင်ခံစာများ

အလွဲသုံးစားပြုခြင်းများ၊ လျော့နည်းပျောက်ဆုံးခြင်းများနှင့် စပ်လျဥ်း၍ အစီရင်ခံစာများ အပေါ် စိစစ်ဆောင်ရွက်ပြီး သဘောထားမှတ်ချက် ပြုစုတင်ပြခြင်း

ဘတ်ဂျက်၊ ငွေစာရင်းနှင့် ထောက်ပံ့ဌာန

ရသုံးမှန်းခြေ ငွေစာရင်း

ဝန်ကြီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းများ ပြုစုရေးဆွဲခြင်းနှင့် အချိန်မီ တင်ပြ တောင်းခံခြင်း

ဘဏ္ဍာငွေအသုံးစာရင်း စီစစ်မှု

ရုံးဌာနအဆင့်ဆင့်တို့၏ ဘဏ္ဍာငွေ အရအသုံးစာရင်းများကို လစဥ် စိစစ်ရာတွင် ‌ ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် စာရင်းစစ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊

ပွင့်လင်းမြင်သာမှု

ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် စီမံဆောင်ရွက်ခြင်း၊

သတင်းအချက်အလက်နှင့် နည်းပညာဌာန

နည်းပညာ အသုံးပြုမှု

ဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် နည်းပညာ အသုံးပြုမှု စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ရာ၌ ကြီးကြပ်ကွပ်ကဲခြင်း၊

သတင်း ထုတ်ပြန်ကြေညာမှု

ပြည်သူလူထုသို့ မီဒီယာမှတစ်ဆင့် အသိပေးရန် သတင်းများရှိပါက မီဒီယာများကို အချိန်မီ ဖိတ်ခေါ်၍ နည်းလမ်းတကျ ထုတ်ပြန်ခြင်း

သတင်းအမှန်အမှား စီစစ်ခြင်း

ကောလာဟလသတင်းများ၊ သတင်းအမှားများ ထွက်ပေါ်လာပါက အလျင်အမြန် တုန့်ပြန် ရှင်းလင်းရေးကိစ္စများကို ကြီးကြပ်ကွပ်ကဲခြင်း၊

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး

တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဥ်းသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ခြင်း၊

နိုင်ငံတကာ ဥပဒေရေးရာ

နိုင်ငံတကာအဖွဲ့အစည်းများနှင့် စပ်လျဥ်းသည့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

တိုင်ကြားစာနှင့် အကြံပြုစာဌာန

တိုင်ကြားစာ နှင့် မှတ်တမ်းတင်ခြင်း

အများပြည်သူတို့က တိုင်ကြားသည့် တိုင်ကြားစာများကို မှတ်တမ်းတင်ထားရှိခြင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပို့ခြင်း၊

အကြံပြုစာများ စီစစ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တရားရေးဝန်ကြီးဌာနအပေါ် အများပြည်သူတို့က အကြံပြုသည့် အကြံပြုစာများကို အလေးအနက် စိစစ်ဆောင်ရွက်ခြင်း၊

အကြံပြုလွှာများ ပေးပို့ရန်

လေ့ကျင့် နှင့် သုတေသနဌာန

မွမ်းမံသင်တန်းများ

ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဆိုင်ရာ အခြေခံသင်တန်း နှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ကြီးကြပ်ခြင်း

သင်တန်း နှင့် စီမံချက်များ

ဌာနတွင်း၊ ဌာနပြင်ပ သင်တန်းအဆင့်ဆင့် ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲခြင်း၊ စီမံချက်အတိုင်း သင်တန်းများဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ သင်တန်းသားများ ရွေးချယ်ခြင်း၊

ပြည်တွင်း ပြည်ပ လေ့လာရေး

ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာရပ်ဆိုင်ရာသင်တန်း၊ ဆွေးနွေးပွဲနှင့် အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း၊

မေးမြန်းစုံစမ်းမှုများအတွက် ကျေးဇူးပြုပြီးအီးမေးလ်ပို့ပေးပါ။