သမိုင်းဖြစ်စဥ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံသားများ အားလုံး၏ အထွတ်အထိပ်နေရာရရှိသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူများနှင့် ဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်မျှတပြီး ဥပဒေနှင့်အညီ ပွင့်လင်း မြင်သာစွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH - Committee Representing Pyidaungsu Hluttaw) ကို ဖွဲ့စည်းခဲ့ပြီး ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ငန်းတာဝန်များကို စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC – National Unity Consultative Council) အား အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများဖြင့် ကနဦး စုဖွဲ့မှုပြုကာ စတင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG - National Unity Government) ကို စတင်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ငန်းတာဝန်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့
တရားရေးဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်း၊ စေတနာ့ဝန်ထမ်းနှင့် အကြံပေးပုဂ္ဂိုလ်များ အားလုံး၏ အကြိမ်ကြိမ် ဆွေးနွေးအကြံပြုချက်များအပေါ် အခြေခံပြီး “တရားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ” က ဆွေးနွေးဆုံးဖြတ်ခဲ့သည့် တရားရေးဝန်ကြီးဌာန၏ “လုပ်ငန်းတာဝန်နှင့် ဖွဲ့စည်းပုံ” ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက (၂.၁၁.၂၀၂၂) ရက်နေ့ တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
တရားရေးဝန်ကြီးဌာန
moj.nugmyanmar.org is the Official Government Information and Services Website for Ministry of Justice of National Unity Government of the Republic of the Union of Myanmar.
ဝန်ကြီးဌာန
အကူအညီတောင်းခံရန်
©2022. All rights reserved.