

သမိုင်းဖြစ်စဥ်
တရားရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြသည့် ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ရှေ့နေရှေ့ရပ်များ အပါအဝင် ကဏ္ဍအရပ်ရပ်ရှိ ဥပဒေပညာရှင်များ၊ အခြားပညာရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
တရားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များအပြင် အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ၊ ကြားကာလ၏ တရားစီရင်ရေးမဏ္ဍိုင် တစ်ရပ် ဖော်ဆောင်ရာတွင် အဓိက တာဝန်ယူဆောင်ရွက်ခြင်း လုပ်ငန်းများ၊ တရားရုံးအဆင့်ဆင့်နှင့် စပ်လျဥ်းသည့် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်ထိန်းညှိခြင်း လုပ်ငန်းများ၊ အကျဥ်းထောင်များ ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ပါသည်။