Go to the official website of National Union Government (NUG)
အကျဥ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်
(က) ၎င်းဖွဲ့စည်းပုံအောက်ရှိ ဌာနများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊
(ခ) အကျဉ်းထောင်/စခန်းများ၏ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးများဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
(ဂ) အကျဥ်းဦးစီးဌာန၏ အရာထမ်း၊ အမှုထမ်းများ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
(ဃ) အကျဉ်းသားများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊
(င) ပြည်ထောင်စုဝန်ကြီးက ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။
အကျဉ်းထောင်/စခန်းများ၏ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးများကို ဆောင်ရွက်ခြင်း၊
အကျဉ်းထောင်များအား ထောက်ပံ့ရေးနှင့် အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရန်နှင့် စွမ်းရည်တိုးတက်စေရန်အတွက် ဌာနတွင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
ဌာနပြင်ပ သင်တန်းများနှင့် အခြားသင်တန်းများသို့ သင်တန်းသားများ စိစစ်ရွေးချယ် စေလွှတ်ခြင်း၊
စီမံကိန်းလုပ်ငန်းဌာနသည် အကျဉ်းသားများကို အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု တတ်မြောက်သွားစေရန် လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့် အပြင် ပြည်ထောင်စုဝန်ကြီးက ပေးအပ်သော တာဝန်များကိုလည်း ဆောင်ရွက်ရမည်။