အမြဲတမ်းအတွင်းဝန်
မင်းနောင်ခိုင်

အမြဲတမ်းအတွင်းဝန် အကြောင်း
ဦးမင်းနောင်ခိုင်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင် တရားသူကြီးတစ်ဦးဖြစ်ပြီး (၂.၂.၂၀၂၂) ရက်နေ့တွင် တရားဝင် ကြေညာချက်ထုတ်ပြန်၍ Civil Disobedience Movement ဆောင်ရွက်ခဲ့သည့် ပထမဆုံး တရားသူကြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ကျူးလွန်သည်ဟု ဥပဒေမဲ့စွပ်စွဲပြီး အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရပြီးနောက် (၄) လခန့်အကြာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်ကို (၃.၁၂.၁၉၉၂) ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B.) နှင့် မဟာဥပဒေဘွဲ့ (LL.M.) ရရှိခဲ့ပါသည်။
ဆောင်းပါးကို မျှဝေပါ။
Facebook
Twitter
LinkedIn