Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the it-l10n-ithemes-security-pro domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/nugfede1/moj.nugmyanmar.org/wp-includes/functions.php on line 6114
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ – Ministry of Justice

ယနေ့ ဇွန် ၂၁ နေ့တွင် ကျရောက်သော (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန (MOJ) မှ ကရင်နီပြည်သူများအား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေဟု ဆုတောင်းပြုရင်း လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်လိုက်ပါသည်။

ကရင်နီအမျိုးသားနေ့သည် ကရင်နီအမျိုးသားများ၏ ခိုင်မြဲသောစိတ်ဓာတ်နှင့် မျိုးချစ်စိတ်အတွက် ခိုင်မာသောသက်သေတစ်ခုဖြစ်ပါသည်။ကရင်နီလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားမျှတမှုနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် မဆုပ်မနစ် ကြိုးပမ်းမှု၏ အထိမ်းအမှတ်လည်းဖြစ်ပါသည်။

တရားမ၀င်အကြမ်းဖက် စစ်အာဏာရှင်ကို တွန်းလှန်ကြရာတွင် ကျွန်ုပ်တို့တရားရေး ဝန်ကြီးဌာနမှ ကရင်နီလူမျိုးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုလေးစားလျှက် ကရင်နီတမျိုးသားလုံး၏ အောင်မြင်မှုများကို ဂုဏ်ပြုပါသည်။

အမျိုးသားညီညွတ်ရေး အစိုးရသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရန် ကတိကဝတ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိသည်။

ကရင်နီအပါအဝင် မြန်မာနိုင််ငံရှိ တိုင်းရင်းသားလူမျိုးစုတိုင်းသည် ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခြင်းများ ကင်းဝေးပြီး ငြိမ်းချမ်း၍ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာနမှ ကတိပြုပါသည်။

ကျွန်ုပ်တို့တရားရေး ဝန်ကြီးဌာနသည် တရားဥပဒေစိုးမိုးရေးကို လက်ကိုင်ထား၍ တိုင်းရင်းသားအားလုံး၏ မတူကွဲပြားမှုများကို လက်ခံဂုဏ်ပြုကာ နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်န်ိုင်ရန် ကြိုးပမ်းလျှက် (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်