ယနေ့ကျရောက်သော သခင်ဘဟိန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့ကို ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုအပ်ပါသည်။
၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့သော မြန်မာ့သူရဲကောင်း သခင်ဗဟိန်းကို ယနေ့တွင် အောက်မေ့သတိရ၍ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ဒို့ဗမာအစည်းအရုံးကို တည်ထောင်သူအနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို ရင်းနှီးပြီး ထောင်သွင်းအကျဉ်းချခြင်းများနှင့် အခက်အခဲများကို မယိမ်းယိုင်သော သတ္တိနှင့်ရပ်တည်ချက်များဖြင့် ရင်ဆိုင်ခဲ့ပါသည်။
ထိုသို့ရင်ဆိုင်ခဲ့ပြီး သခင်ဘဟိန်းသည် ကိုလိုနီခေတ် ဖိနှိပ်မှုကို မဆုတ်မနစ် တော်လှန်ခြင်းဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် လမ်းခင်းပေးခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် ကြံ့ကြံ့ခံရင်ဆိုင်မှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုအပေါ် မယိမ်းယိုင်သော ကတိကဝတ်များက ယနေ့ကျွန်ုပ်တို့အား တော်လှန်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနေဆဲဖြစ်ပါသည်။
သခင်ဘဟိန်းနှင့် သခင်အောင်ဆန်းတို့သည် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသကဲ့သို့ ယနေ့ခေတ် မျိုးဆက်များဖြစ်သော ကျွန်ုပ်တို့သည်လည်း စစ်အာဏာရှင်ကျရှုံးပြီး တန်းတူညီမျှမှုရသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် အတူတကွ လက်တွဲညီညီ တိုက်ပွဲဝင်ကြပါစို့ဟု သခင်ဘဟိန်းမွေးနေ့ အမှတ်တရအဖြစ် တိုက်တွန်းလိုက်ရပါသည်။
